CTI Myanmar (CTIM) သည် အဓိကအားဖြင့် မြို့ပြတည်ဆောက်ရေး အင်ဂျင်နီယာလုပ်ငန်းများဆိုင်ရာ နည်းပညာအကြံပေး ကုမ္ပဏီတစ်ခုဖြစ်ပြီး၊ ဂျပန်နိုင်ငံ အခြေစိုက် CTII ၏ လက်အောက်ခံ ကုမ္ပဏီဖြစ်ပါသည်။ CTII သည် ကမ္ဘာတစ်ဝှမ်းရှိ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဆောင်ရွက်လျက်ရှိသည့် တရားဝင်ဖွံ့ဖြိုးရေးအကူအညီ (ODA) စီမံကိန်းများ၏ နည်းပညာအကြံပေးကုမ္ပဏီ ဖြစ်သည့်အလျောက်၊ မြို့ပြဖွံ့ဖြိုးရေး/တည်ဆောက်ရေး လုပ်ငန်းများ စီမံကိန်းရေးဆွဲခြင်း၊ သုတေသနပြုခြင်း၊ ဒီဇိုင်းရေးဆွဲခြင်း၊ စီမံခန့်ခွဲခြင်း စသည်တို့တွင် နိုင်ငံတကာ အတွေ့အကြုံများ ပြည့်ဝသည့် ကုမ္ပဏီဖြစ်ပါသည်။ အဆိုပါ အတွေ့အကြုံနှင့် နည်းပညာ ကျွမ်းကျင်မှုတို့ကို အခြေခံ၍ CTI Myanmar ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံ၏ ရေရှည်ခိုင်မာဖွံ့ဖြိုးတိုးတက်ရေးတွင် ကူညီဆောင်ရွက်ပေးသွားရန် ရည်ရွယ်ပါသည်။ မြန်မာနိုင်ငံတွင် စီးပွားရေးအခွင့်အလမ်းအမြောက်အမြား ပေါ်ထွန်းလာရန် မျှော်လင့်ပါသည်။
အာခိအိုး အိုကဇာကိ
မန်နေဂျင်း ဒါရိုက်တာ
CTI Myanmar ကုမ္ပဏီ၏ အခြေခံ မူဝါဒမှာ မြန်မာနိုင်ငံရေရှည်ခိုင်မာဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်ပြီး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ သဘာဝပတ်ဝန်းကျင် ရှင်သန်ဖွံ့ဖြိုးမှုတို့အတွက် နည်းပညာတိုး ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဝန်ဆောင်မှု ပေးရန် ဖြစ်ပါသည်။ ဤဝန်ဆောင်မှု လုပ်ငန်းများကို မြန်မာနိုင်ငံကို မဏ္ဍိုင်ထားလျက် အိမ်နီးချင်းနိုင်ငံများကိုပါ ချဲ့ထွင်သွားရန် ရည်ရွယ်ပါသည်။ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုမှာ ယခုအခါ အလွန်လျင်မြန်စွာ ဖြစ်ပေါ်လျက်ရှိပြီး၊ ထိုတိုးတက်မှုနှုန်းကို ထိန်းသိမ်းသွားနိုင်ရန် ကျွမ်းကျင်အင်ဂျင်နီယာများ မရှိမဖြစ် လိုအပ်မည် ဖြစ်ပါသည်။ CTI Myanmar အနေဖြင့် ပြည်တွင်းဘွဲ့ရ အင်ဂျင်နီယာများကို စီမံကိန်း လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်စေခြင်း၊ လေ့ကျင်သင်ယူစေခြင်းအားဖြင့် မြန်မာနိုင်ငံ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အကူပြု သွားမည်ဖြစ်သည်။
အမည် | CTI Myanmar Co,. LTD. |
---|---|
လိပ်စာ |
အခန်း- ၀၃၀၇၊ ဆာကူရာတာဝါ၊ အမှတ်-၃၃၉၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန် |
ဖုန်း | +၉၅-၁-၂၅၅၀၈၀ |
တည်ထောင်သောနေ့ | မတ်လ၊ ၂၀၁၄ ခုနှစ် |
ရင်းနှီးမြှုပ်နှံမှုပမာဏ | အမေရိကန် ဒေါ်လာ ၅၀၀,၀၀၀ |
မန်နေဂျင်း ဒါရိုက်တာ | အာခိအို အိုကဇာကိ |
ပင်မစာမျက်နှာ | http://cti-mm.com/ |
Managing Director
Director
Director & COO
အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းများအတွက် လေ့လာမှုစစ်တမ်းများ ပြုလုပ်ခြင်း၊ စီမံကိန်းရေးဆွဲခြင်း၊ ဒီဇိုင်းရေးဆွဲခြင်း၊ သုတေသန ပြုလုပ်ခြင်း၊ Construction Management နှင့် Project Management ၊ အဆောက်အဦများ လုပ်ငန်းလည်ပတ် အသုံးချခြင်းနှင့် ထိန်းသိမ်းခြင်း ဆိုင်ရာများ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ အတွက် နည်းပညာအကြံပေးအဖြစ် ဆောင်ရွက်ပါသည်။
• မြစ်ချောင်းသွားလာမှု ဖွံ့ဖြိုးတိုးတက်ရေး (ဆိပ်ကမ်း၊ တူးမြောင်း စသည်)။
• သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု (ရေကြီးရေလျှံ ထိန်းချုပ်ရေး၊ ဘေးအန္တရာယ် ကြိုတင်သတိပေးစနစ် စသည်)။
• ရေအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး (ရေပေးဝေရေး၊ ရေဆိုးစနစ်)။
• လမ်း၊ တံတား၊ သယ်ယူပို့ဆောင်ရေး စနစ် ဖွံ့ဖြိုးတိုးတက်ရေး။
• ဆည်မြောင်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး။
• မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး (စက်မှုဇုန်များ တည်ထောင်မှု စသည်)။
• သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ စီမံခန့်ခွဲခြင်း၊ ရေထုအရည်အသွေး၊ လေထုအရည်အသွေး ကောင်းမွန်စေရေး။
• စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး။
အခန်း- ၀၃၀၇၊ ဆာကူရာတာဝါ၊ အမှတ်-၃၃၉၊
ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်
ဖုန်း : +၉၅-၁-၂၅၅၀၈၀
Web : http://cti-mm.com/
Email : [email protected]