မိတ်ဆက်

CTI Myanmar (CTIM) သည် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဆောက်လုပ်ရေးနှင့်ပတ်သက်သော အကြံပေးဝန်ဆောင်မှုများကို ပံ့ပိုးပေးနေသော ကုမ္မဏီတစ်ခုဖြစ်ပါသည်။ CTIM သည် CTI Engineering Co., Ltd. နှင့် DUWUN Export Import Co., Ltd. (DUWUN) တို့ ပါဝင်ပူးပေါင်းထားသော စီးပွားရေးလုပ်ငန်းကြီး တစ်ခုဖြစ်ပါသည်။ CTIE တွင်မြို့ပြဆောက်လုပ်ရေးနှင့် ပတ်သက်သော စီမံခန့်ခွဲမှုများ၊ သုတေသနပြုချက်များ၊ ဒီဇိုင်းများ၊ လုပ်ငန်းဆောင်တာများကို ဂျပန်နှင့် အခြားသောနိုင်ငံများအတွက် လုံလောက်သော အတွေ့အကြုံရှိပါသည်။ ထို့အပြင် DUWUN သည် အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းများနှင့် မြန်မာနိုင်ငံအတွင်း၌သာမက အခြားသော နိုင်ငံများတွင် ထင်ရှားသောနေရာများသို့ ပို့ဆောင်ပေးသော ၀န်ဆောင်မှုများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိသော ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ ၀ါရင့် အတွေ့အကြုံ နှင့် ကျွမ်းကျင်မှုအပေါ်မူတည်၍ မြန်မာလူမျိုးများအား တိုင်းပြည်ပိုမိုတိုးတက်လာစေရန် တာဝန်ထမ်းဆောင်ဖို့ အဆင်သင့်ရှိနေပြီဖြစ်သည်။ ကျွန်တော်တို့သည် မြန်မာနိုင်ငံတွင် များစွာသော စီးပွားရေး အခွင့်အလမ်းများကို မျှော်လင့်နေပါသည်။

တကဲယ အိစိုဘဲ
礒部 猛也

စီမံခန့်ခွဲမှု မူဝါဒ

CTIM ၏ အဓိကရည်ရွယ်ချက်မှာ အတတ်ပညာဖွံ့ဖြိုးတိုးတက်မှု၊ ဆွေးနွေးအကြံပေးသော ၀န်ဆောင်မှု၊ စီးပွားရေး တိုးတက်အောင်မြင်စေသော ၀န်ဆောင်မှု၊ ပတ်ဝန်းကျင် တိုးတက်စေသော ၀န်ဆောင်မှု များကို အခြေခံ၍ မြန်မာနိုင်ငံတွင် တောင့်တင်းသော တိုးတက်မှုဖြစ်စေရန် ကူညီဆောင်ရွက်ပေးပါမည်။ အထက်ပါဝန်ဆောင်မှုများကို မြန်မာပြည်၌ အခြေပြု၍ အိမ်နီးချင်းနိုင်ငံများကိုပါ ပြုလုပ်ပေးပါမည်။ ယခုအခါ မြန်မာနိုင်ငံသည် ထုံးတမ်းအစဉ်အလာ မဟုတ်သော လျင်မြန်သော ပြောင်းလဲမှုများကိုကြုံတွေ့နေရသည်။ ထိုပြောင်းလဲမှုများအား တုံ့ပြန်ရန် ကျွမ်းကျင်သော အင်ဂျင်နီယာများ အလုံအလောက် မရှိသဖြင့် CTIM က တိုင်းပြည်ထူထောင်ရေး စီမံကိန်းများတွင် ပြည်တွင်းဘွဲ့ရများနှင့် အင်ဂျင်နီယာများ ပူးပေါင်းပါဝင်စေပြီး လေ့ကျင့်သင်ကြားမှုများ၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုများကို ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

ကုမ္ပဏီအကျဉ်း

အမည် CTI Myanmar Co,. LTD.
လိပ်စာ စထရန်း ကွန်ဒို၊ ယူနစ် 1 4F, အမှတ် ၃၃/၄၉
မဟာဗန္ဓုလ ပန်းခြံလမ်း၊ ကျောက်တံတားမြို့နယ်၊
ရန်ကုန်မြို့၊ မြန်မာ။
ဖုန်း + ၉၅-၁-၃၇၇၈၆၈
ဖက်(စ်) + ၉၅-၁-၃၇၇၈၆၈
တည်ထောင်သောနေ့ မတ်လ၊ ၂၀၁၄ ခုနှစ်
ရင်းနှီးမြှပ်နှံမှု အမေရိကန်ဒေါ်လာ (၅၀၀,၀၀၀)
မန်နေဂျင်း ဒါရိုက်တာ တကဲယ အိစိုဘဲ
ပင်မ စာမျက်နှာ http://cti-mm.com/

Management Staff

အာခိအိုး အိုကဇာကိ

(Director for business promotion)

ဟိရိုးတက ဟိရာမ

(Director for business promotion/COO)

စီးပွားရေးဝန်ဆောင်မှု

ကျွန်တော်တို့ ကုမ္ပဏီသည် ပညာသင်ကြားခြင်း၊ စီမံခန့်ခွဲခြင်း၊ သုတေသနများ ပြုလုပ်ခြင်း၊ ပုံစံများရေးဆွဲခြင်း၊ အခြေခံအဆောက်အဦ ဖွံဖြိုးတိုးတက်လာရန် ဆောက်လုပ်ရေးစီမံကိန်းများ လုပ်ငန်းဆောင်တာများအား စီမံခန့်ခွဲနိုင်ရန် အထောက်အကူပြုခြင်း၊ ဆက်စပ်လျှက်ရှိသော လူ့စွမ်းအား အရင်းအမြစ် တိုးတက်ရေး စသော ၀န်ဆောင်မှုအမျိုးမျိုးကို ပေးအပ်လျက် ရှိပါသည်။

  • ရေလမ်းခရီး ဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှု (ဆိပ်ကမ်း၊ တူးမြောင်း၊ အစရှိသဖြင့်)
  • သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု (ရေကြီးခြင်း၊ သဘာဝဘေးအန္တရာယ် ကြိုတင်သိရှိနိုင်မည့် စနစ်)
  • ရေအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု (ရေဖြန့်ဝေခြင်း၊ မြောင်းဖောက်လုပ်ခြင်း)
  • လမ်းပန်းဆက်သွယ်ရေးနှင့် တံတား တည်ဆောက်မှု၊ လမ်းတံတား ပြုပြင်မှု
  • ဆည်မြောင်းတည်ဆောက် သွယ်တန်းခြင်း
  • မြို့တွင်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှု ( စက်မှုလုပ်ငန်းဆိုင်ရာများ၊ အစရှိသဖြင့်)
  • ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ပတ်ဝန်းကျင် စီမံခန့်ခွဲခြင်း၊ ရေထုနှင့် လေထု အရည်အသွေး မြှင့်တင်ခြင်း
  • စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှု

မြေပုံ

CTI Myanmar Co,. Ltd.

စထရန်း ကွန်ဒို၊ ယူနစ် 1 4F, အမှတ် ၃၃/၄၉
မဟာဗန္ဓုလ ပန်းခြံလမ်း၊ ကျောက်တံတားမြို့နယ်၊
ရန်ကုန်မြို့၊ မြန်မာ။
ဖုန်း / ဖက်(စ်) : + ၉၅-၁-၃၇၇၈၆၈၊ + ၉၅-၁-၃၇၇၅၈၅။
WEB: http://cti-mm.com/
အီးမေးလ် : info@cti-mm.com